(၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၂၄) ရက်နေ့

 

ကလေးငယ်များရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ပတ်သက်ပြီး ဂရုပြုရမယ့်အချက်တွေက ဘာတွေလဲ?

 

ကလေးငယ်တွေမှာ အသက်အရွယ်အလိုက် အောက်ပါလက္ခဏာတွေ တွေ့ရှိရမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်မှု (Developmental Milestones) သိသာစွာနောက်ကျတာ ဖြစ်နိုင်ပါတယ် -

 

• အသက်(၁)လမှ(၃)လ - မိခင်မျက်နှာ (သို့မဟုတ်) အရာဝတ္ထုကို လိုက်၍မကြည့်ခြင်း၊ အသံပေးသော်လည်း အပြုအမူမပြောင်းလဲခြင်း၊မြှူလျှင်ပြုံးမပြ တတ်ခြင်း၊ အရမ်းတောင့်ခြင်း (သို့မဟုတ်) ပျော့ခြင်း။

 

• အသက်(၆)လ - လက်သီးကိုအမြဲဆုပ်ထားခြင်း၊ အရုပ်တစ်ခုခုကိုမကိုင်နိုင်ခြင်း၊ ခေါင်းမခိုင်ခြင်း။

 

• အသက်(၉)လ - အမှီအတွယ်နှင့်ပင် မထိုင်နိုင်ခြင်း (လက်ထောက်၍ပင် မထိုင်နိုင်ခြင်း)၊ မရယ်မောတတ်ခြင်း။

• အသက်(၁)နှစ် - မတ်တပ်ရပ် မစမ်းခြင်း။

 

• အသက်(၂)နှစ် - ဖေဖေ၊ မေမေ မခေါ်တတ်ခြင်း၊ လမ်းကောင်းစွာမလျှောက်နိုင်ခြင်း။

 

• အသက်(၃)နှစ် - မပြေးနိုင်ခြင်း၊မကြာခဏလဲကျခြင်း၊ဝါကျအတိုများမပြောနိုင်ခြင်း၊ မျက်လုံးချင်းဆိုင် မကြည့်ခြင်း။

 

• အသက်(၄)နှစ် - စကားပြောသော်လည်း အခက်အခဲများစွာဖြင့်ပြောရသောကြောင့် အခြားသူများနားမလည်ခြင်း၊ အခြားကလေးများနှင့်မကစားဘဲ တစ်ဦးတည်း သီးသန့်နေခြင်း။

 

•မည်သည့်အသက်အရွယ်မဆို - ယခင်ရှိပြီးတတ်ပြီးသား ကလေးဖွံ့ဖြိုးတိုးတက်မှုများ ပျောက်ဆုံးသွားခြင်း၊ ဆုတ်ယုတ်လာခြင်း၊ ယခင်ပြောတတ်ပြီးသားစကားများ ပြန်ပျောက်သွားခြင်း။

 

"အသက်အရွယ်အလိုက် ဖော်ပြပါလက္ခဏာများအနက် တစ်ခုခုတွေ့ရှိပါက -

ဖွံ့ဖြိုးတိုးတက်မှု သိသာစွာနောက်ကျခြင်း (သို့မဟုတ်) ရောဂါတစ်ခုခုရှိနေနိုင်သောကြောင့် နီးစပ်ရာ ဆေးရုံ/ ဆေးခန်း/ ကျန်းမာရေးဌာနသို့ သွားရောက်ပြသရပါမယ်။"

 

#Ministry_of_Health_and_Sports, #MoHS, #Todays_Message, #ဒီနေ့အတွက်သိကောင်းစရာ