ဒီပဲယင်း  အောက်တိုဘာ ၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်တွင်   နှစ်စဉ်မိုးစပါး၊ နွေစပါး၊ မိုးမြေပဲ၊ ဆောင်းမြေပဲ၊ နွေနှမ်း၊ မိုးကြိုနှမ်း၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ စသည့်သီးနှံမျိုးစုံတို့ကို စိုက်ပျိုးလျက်ရှိကြပြီး စိုက်ပျိုးရေးဦးစီး ဌာနအနေဖြင့် ယခုနှစ်မိုးမြေပဲစိုက်ပျိုးရာသီတွင် မိုးမြေပဲစိုက်ဧက ၃၁၂၁၁ ဧက လျာထားခဲ့ရာ လအလိုက် မိုးရွာသွန်းမှုကောင်းသဖြင့် ကွင်းပိတ်ချိန်တွင် မြေပဲစိုက်ဧက ၃၆၀၀၆ ဧကစိုက်ပျိုးနိုင်ခဲ့၍ လျာထားဧကထက်ကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးဦးစီးဌာနမှ သိရသည်။

    

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြေပဲစိုက်တောင်သူများအား အထွက်ကောင်းသော မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရန်  အစေ့ထုတ်ကွက်စိုက်ပျိုးခြင်း၊ မြေပဲစိုက်ခြံများနှင့် ချိတ်ဆက်၍ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်းများဆောင်ရွက်ခြင်း၊ မြေပဲတွင် ကျရောက်တတ်သော မှိုရောဂါနှင့် မြေပဲရွက်လိပ်ရွက်ကပ်ပိုးများအတွက် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း နည်းစနစ်များ၊ စိုက်ပျိုးထုတ်လုပ်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦး‌အေးမင်းထွန်းနှင့် စိုက်ပျိုးရေး ပညာပေး ကွင်းဝန်ထမ်းများက ပညာ‌ပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   

မြို့နယ်ပြန်/ဆက်