ဒီပဲယင်း   ဇန်နဝါရီ   ၇

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်တွင် သဖန်းဆိပ်ဆည်ရေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နွေစပါး ဧက  (၅၀၀၀၀) နှင့် အခြားသီးနှံ ဧက (၇၅၀၀) စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအေးမင်းထွန်းထံမှ  သိရသည်။

 

 သဖန်းဆိပ်ဆည်မှ ယခုနှစ် နွေစပါးစိုက်ရာသီတွင် ဒီပဲယင်းမြို့နယ်အနေဖြင့် (YMC) ရေဦး မြောင်းမတော်မှ ဧက (၂၂၅၀၀)၊ (MBC) မရကန်မြောင်းမတော်မှ ဧက (၂၂၅၀၀)၊ (RMC) လက်ယာ မြောင်းမကြီးမှ ဧက  (၅၀၀၀) စုစုပေါင်း နွေစပါး ဧက (၅၀၀၀၀)စိုက်ပျိုးရန် လျာထားပြီး အခြားသီးနှံကို (YMC)ရေဦးမြောင်းမတော်မှ ဧက (၄၅၀၀)၊ (MBC) မရကန်မြောင်းမတော်မှ ဧက (၃၀၀၀) စုစုပေါင်း ဧက (၇၅၀၀) အ‌ကောင်အထည်ဖော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေကို သဖန်းဆိပ်ဆည်မှ ဖေဖော်ဝါလ ၇ ရက်တွင် စတင်ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

 

နွေစပါးနှင့် အခြားသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက်‌ မြေဆီလွှာအာဟာရဖြည့်တင်းရေးဆိုင်ရာ လုက်ငန်းများ၊ မျိုး‌ကောင်း မျိုးသန့် မျိုးစေ့ကြိုတင်စုဆောင်းရေးများ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ စိုက်ပျိုးနည်ပညာများ အကူအညီ ရယူနိုင်ကြောင်း သိရသည်။

 

သိန်းထွန်း(ဒီပဲယင်း)