၂၈ မေ

ဒိန်းမတ်နိုင်ငံက သုတေသနပညာရှင်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးစစ်ဆေးပေးနိုင်မယ့် စက်ရုပ်ကို တီထွင်နေကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

ဆောက်သန်း ဒိန်းမတ် တက္ကသိုလ်ကနေ တီထွင်လိုက်တဲ့ စက်ရုပ်ဟာ လူနာတိုင်းရဲ့ အာခေါင်တို့ဖတ်နမူနာကို ယူပြီး နမူနာထည့်မယ့် ပုလင်းထဲအထိ ထည့်ပေးနိုင်ကြောင်း သိရပါတယ်။

 

ဗိုင်းရပ်စ်ပိုးစစ်ဆေးရန် အာခေါင်တို့ဖတ်နမူနာယူပေးနိုင်တဲ့ စက်ရုပ်ဟာ ကမ္ဘာမှာ ပထမဆုံး စက်ရုပ်ဖြစ်တယ်။ အာခေါင်တို့ဖတ်နမူနာကို စက်ရုပ်က ယူပေးမှာဖြစ်တဲ့အတွက် ကျန်းမာရေး ဝန်ထမ်းတွေဟာ ဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့မှု မရှိတော့ကြောင်း၊ စက်ရုပ်ပုံကြမ်းအဆင့်ကို အောင်မြင်သွားပြီဖြစ်တဲ့အတွက် အသုံးပြုနိုင်မယ့် စက်ရုပ်ကို တည်ဆောက်နေပြီလို့ ကြေညာချက်မှာ ဖော်ပြထားတယ်။

 

အခုထုတ်လုပ်တဲ့ စက်ရုပ်ဟာ အာခေါင်တို့ဖတ်နမူနာကို ယူနိုင်တဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတင်မက နောင်ဖြစ်ပေါ်လာနိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေအတွက်ပါ အသုံးပြုနိုင်တယ် တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလမှာ စင်ကာပူနိုင်ငံက သုတေသနပညာရှင်တွေက ဆေးရုံတွေမှာ ပိုးသတ်ဆေး ဖျန်းခြင်း တခြား သန့်ရှင်းတွေလုပ်ဆောင် ပေးမယ့် စက်ရုပ်ကို တီထွင်ခဲ့ကြောင်း သိရပါတယ်။

MDN
ကိုးကား - AFP