ဒိုက်ဦး ဇွန် ၁၈


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိ ပါမောက္ခ ဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ)ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိအနန္တဂုဏ်ရည်ဆေးခန်း၌ ယနေ့ နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသောလူနာ(၂၅၀)ကျော်အား အခမဲ့ကုသပေးခဲ့သည်။

 အဆိုပါဆေးခန်းကို အပတ်စဉ်စနေနေ့တိုင်းဖွင့်လှစ်ပြီး မျက်စိရောဂါ၊ အသည်းရောဂါ၊ မီးယပ်သားဖွားရောဂါ၊ နှလုံးရောဂါ၊သွားရောဂါ၊အရိုးအကြောရောဂါ၊ကျောက်ကပ်ရောဂါ နှင့်ဆီးလမ်းကြောင်းရောဂါစသည့်အထူးကုဆရာဝန်များကလည်း တစ်လလျှင်တစ်ကြိမ် လာရောက်၍မေတ္တာဖြင့်ကုသပေးကြပြီး အသည်း ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသောသူများအား ဆေးထိုးပေးခြင်း၊ ဆေးဝါးများလည်း အခမဲ့ပေးလှူကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)