နေပြည်တော်၊  ၂၅  ဒီဇင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးရပ်ကွက်တွင် စက်နှိုးမရသည့် လယ်ထွန်စက်အား ပြုပြင်နေစဉ် ဘက်ထရီရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းမှုတစ်ခု ဒီဇင်ဘာ ၂၄ ရက် နံနက် ၀၀ နာရီ မိနစ် ၂၀ ခန့်က ဖြစ်ပွားခဲ့သည်။

အဆိုပါရပ်ကွက်နေ မိုးဝင်းထွန်း(၃၇)နှစ်သည် နေအိမ်ဘေး၌ ၎င်းပိုင်ဆိုင်သည့် New Holland လယ်ထွန်စက်အား စက်နှိုးမရသဖြင့် ပြုပြင်နေစဉ် ဘတ္ထရီရှော့ဖြစ်ကာ မီးစတင်လောင် ကျွမ်းခဲ့ ပြီး နာရီ ၁၅ မိနစ် တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ထွန်စက် စီး၊ နေအိမ် လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး   လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

ရဲပြန်ကြား