ဒိုက်ဦး ၁၈ မေ

 

ယနေ့ မွန်းလွဲ ၂ နာရီခွဲက ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ အမှတ်(၂) ကုန်သည်ရပ်ကွက် ဖအောင်ဝဲလမ်းနေ မတင်မာရီ (၃၇)နှစ် ဈေးရောင်းသူ၏ နေအိမ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

 

အဆိုပါမီးလောင်ကျွမ်းမှုအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ ဒုမီးသတ် ဦးစီးမှူး ဦးချမ်းမြေ့ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပတ်ဝန်းကျင်ရှိ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့သည်။

 

မီးလောင်ကျွမ်းမှုမှာ နေအိမ်အပေါ်ထပ်ရှိ အနောက်ဘက်အိမ်ခန်းသို့ သွယ်တန်းထားသော လျှပ်စစ်ဝိုင်ယာကြိုး အပူလွန်ကဲရှော့ဖြစ်၍ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မတင်မာရီအား မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်ကျော်(ဒိုက်ဦး)