ဒိုက်ဦး၊ ဒီဇင်ဘာ ၁၄

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တခြားမိသား စုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မြို့ပြနှင့်ကျေးလက် လူနေမှုအဆင့်အတန်း ကွာဟမှုကိုလျှော့ချနိုင်ရန် ရည်ရွယ်၍ ဘုရားကြီးကွင်းကျေးရွာ မြစိမ်းရောင်‌စီမံကိန်းမှ ဒသမအကြိမ်မြောက် ချေးငွေထုတ်ချေးခြင်းကို ‌စီမံကိန်းတာဝန်ခံ ဝန်ထမ်းနှင့်အဖွဲ့က ဒီဇင်ဘာ ၁၃ ရက်က အဆိုပါကျေးရွာ စုရပ်ဆောင်၌ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဘုရားကြီးကွင်းကျေးရွာ မြစိမ်းရောင်စီမံကိန်း၏ ကျေးရွာကော်မတီဝင်များမှ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် ရေလုပ်ငန်းအတွက် ဆောင်ရွက်မည့် အသင်းသူအသင်းသား စုစုပေါင်း ၁၇၂ ဦးထံသို့ ချေးငွေ ကျပ် ၅၀ ဒ၀မ ၅၇ သန်းကို အတိုးနှုန်းကျပ်တစ်ရာလျှင် ပြား ၅၀ နှုန်းဖြင့် အသင်းသူအသင်းသားများ၏ လက်ဝယ်အရောက် နေ့ချင်းပြီး ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

ကိုညို(ကျေးလက်)