ပဲခူး၊ ၁၀ ဒီဇင်ဘာ

ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒီဇင်ဘာ ၁၀ ရက်တွင် ဒိုက်ဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများသည် သုံးခွကျေးရွာအုပ်စုတွင် ငါးမွေးမြူသူများအား ဘေး အန္တရာယ်ကင်းရှင်းပြီး အစားအစာဘေး ကင်းလုံခြုံစေရေးနှင့် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ်(Good Aquaculture Practice - GAqP) သင်တန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် နှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။ 

အဆိုပါသင်တန်းတွင် GAqP ကျင့်စဉ်အတိုင်းငါးမွေးမြူရာတွင် လိုက်နာရမည့်အခြေခံမူ (၄)ရပ် တို့ကိုသိရှိလိုက်နာဆောင်ရွက်နိုင်ရေး အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ငါးမွေးတောင်သူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်၊ ကျေးရွာအုပ်စုအတွင်းမှ ငါးမွေးတောင်သူ သင်တန်းသား/သူ ၂၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်