ဒိုက်ဦးမြို့နယ်၌ မြေ အချဉ်၊ အငန်(pH)တိုင်းတာခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဒိုက်ဦး ဒီဇင်ဘာ ၆

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းဌေးကျော်နှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းကမြေ အချဉ်အငန်(pH) တိုင်းတာခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်ခြေလေးဆယ်ကျေးရွာအုပ်စု၊ အိမ်ခြေလေးဆယ်ကျေးရွာမှ တောင်သူ ဦးလေးနိုင်၏ ကွင်းအမှတ် ၄၁၃(ကန)လယ်ယာမြေအား မြေယာပြုပြင်ရေးလုပ်ငန်းများ အတွက် မြေအချဉ်၊ အငန်(pH) တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ   ဦးဝင်းမြင့် နှင့် အဖွဲ့ဝင်များ၊  မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)