ဒိုက်ဦး ၁၅ ဧပြီ
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့သော အခြေခံစားကုန် ၅ မျိုးဖြစ်သည့် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်နီနှင့် ဆား ငါးမျိုးကို ဧပြီ ၁၅ ရက်က ဒိုက်ဦးမြို့ပေါ်ရှိ ရပ်ကွက်များ၌ တစ်အိမ်ထောင်လျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ သား၊ ဆား ၅၀ သား၊ ပဲ ၁ ပိဿာနှင့် ကြက်သွန်နီ ၁ ပိဿာတို့အား ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသူရဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများက သွားရောက်ထောက်ပံပေးအပ်ခဲ့သည်။
ဒိုက်ဦးမြို့ပေါ်နှင့် ကျေးရွာအုပ်စု ၅၃ အုပ်စု၌ COVID-19 ကာလအတွင်း ပုံမှန်မရှိသည့် အခြေခံလူတန်းစား ၁၅၉၇၇ အိမ်ထောင်စုအတွက် ဆန် ၁၂၇၈၁၆ ပြည်၊ ဆီ ၇၉၈၈.၅၀ ပိဿာ၊ ဆား ၇၉၈၈.၅၀ ပိဿာ၊ ကြက်သွန်နီ ၁၅၉၇၇ ပိဿာနှင့် ပဲ ၁၅၉၇၇ ပိဿာတို့အား ထောက်ပံ့ပေးအပ်မည်ဖြစ်သည်။
ကျော်ကျော်(ဒိုက်ဦး)