၂၁ ဖေဖော်ဝါရီ

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာတွင် အဆောက်အဦတစ်ခုတွင် မီးလောင်မှုဖြစ်ပွားရာ သေဆုံးသူ ၆၉ဦးအထိ ရောက်ရှိလာပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများက ယနေ့ ပြောကြားသည်။

 

သေဆုံးသူ ၆၉ဦး၏ အလောင်းများကို တွေ့ရှိခဲ့ကြောင်း ဒါကာမြို့တော် မီးသတ်တပ်ဖွဲ့နှင့် အရပ်ဘက်ကာကွယ် ရေးအဖွဲ့မှ အရာရှိတစ်ဦးဖြစ်သူ မာဖက်ရီဗင်က ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။

 

ပြင်းထန်သော မီးလောင်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု ဆိုသည်။

 

အဆိုပါမီးလောင်မှုမှာ ယမန်နေ့ ဒေသစံတော်ချိန် နံနက်၁၁နာရီအချိန်တွင် ဓာတ်ငွေ့ဆလင်ဒါအိုးတစ်လုံး ပေါက်ကွဲပြီး  ဒါကာမြို့ဟောင်းရှိ လူနေထူထပ်ရာ ချော်ဘဇာလူနေဧရိယာရှိ အိမ်များသို့ ပျံ့နှံ့သွားခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အရည်အသွေးနိမ့်အဆောက်အဦများက ယခုကဲ့သို့ မတော်တဆဖြစ်ရပ်များ ဖြစ်ပွား စေပြီး လူပေါင်း ရာနှင့်ချီ၍ သေဆုံးစေခဲ့သည်။ 

 

၂၀၁၀ခုနှစ်က ဒါကာမြို့တော်တွင်ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် အနည်းဆုံး ၁၂၄ဦး သေဆုံးခဲ့ပြီးနောက် ယခုဖြစ်ရပ်မှာ ကိုးနှစ်တာအတွင်း ဒုတိယအကြိမ်မြောက် မီးလောင်မှုဖြစ်ခဲ့သည်။ 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်