ဒါကာ ၁ ဧပြီ

ဒါကာမြို့ရှိ မီးလောင်မှုဖြစ်ပွားခဲ့သည့် အထပ်မြင့်အဆောက်အအုံ ပိုင်ရှင်များကို  မတ်  ၃၁ ရက်တွင် ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ရှိ ရဲများက ပြောသည်။

ယခု သီတင်းပတ်အစောပိုင်းတွင် မီးလောင်ခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ် ကြောင့်လူပေါင်း ၂၃ ဦးသေဆုံးခဲ့ကာ တိုင်းပြည်၏ အထပ်မြင့်အဆောက်အအုံများ  ဆောက်လုပ်ရာတွင်လုံခြုံမှု အဆင့်အတန်း လျော့ရဲရခြင်းနှင့် ပတ်သက်ပြီး  အငြင်းပွားဖွယ်ဖြစ်လာခဲ့ သည်။ ၂၂ ထပ်မြင့်သည့် အက်ဖ်တီတာဝါ မီးလောင်ခဲ့သည့်အတွက် လူပေါင်းများစွာ ပိတ်မိနေခဲ့ပြီး ပိတ်မိနေသူများ၏ ကြောက်မက်ဖွယ် အော်ဟစ်သံများကြောင့် အပြင်တွင်ရပ်ကြည့်နေကြသူများ ကြောက်လန့်ခဲ့ကြသည်။ ယခုအခါ လူနှစ်ဦးကို ထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း၊ ထိန်းသိမ်းထားသူနှစ်ဦးမှာ SMHI Faruque နှင့် Tasvir UI Islam  တို့ဖြစ်ကြောင်း၊   Islam မှာ အတိုက်အခံ  BNP  ပါတီမှ ခရိုင် ခေါင်းဆောင်ဖြစ်ကြောင်း သိရသည်။

Faruque      သည်    အထပ်မြင့်အဆောက်အအုံကို    ၄၅    ရာခိုင်နှုန်း ခန့်ပိုင်ဆိုင်သူဖြစ်ပြီး ၄င်းပိုင်ဆိုင်သည့် မြေပေါ်တွင်  အဆောက်အအုံ ဆောက် လုပ်ထားခြင်းဖြစ်ကြောင်း ဒုတိယ ရဲမင်းကြီး ရာဟမ်က ပြောသည်။ 

ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်ကိုလည်း ရဲများက လိုက်လံရှာဖွေနေကြောင်း၊ အဆိုပါအဆောက်အအုံသည်  ၁၉၉၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ Islam ကိုလည်း မီးလောင်သွားသည့် အဆောက်အအုံကို တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်သည့်  ပိုင်ရှင်အဖြစ်လည်းကောင်း အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရာတွင် မီးဘေးလုံခြုံရေး အစီအစဉ်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့်အတွက် လည်းကောင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲများက ပြောသည်။        
 
အေအက်ဖ်ပီ