နေပြည်တော်  ၂၃  ဒီဇင်ဘာ

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒက္ခိဏ ခရိုင်ရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ ရုံးသစ်၌ ကျင်းပသည်။

 

1

 

အခမ်းအနားတွင် ခရိုင်ရုံး အဆောက်အဦသစ်အား သတ္တုရေးရာဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ရုံးသစ်အဆောက်အဦ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးကြသည်။

 

3

 

ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦးနှင့် တာဝန်ရှိသူများက ဒက္ခိဏခရိုင်ရုံး အဆောက်အဦသစ် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ရုံးဝန်းအတွင်း စုပေါင်း၍ အရိပ်ရသစ်ပင်များ စိုက်ပျိုးကြပြီး ရုံးသစ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

(ရွှေကုက္ကို)