နေပြည်တော် စက်တင်ဘာ ၂၈

 

ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ် ရွာသစ်ကျေးရွာရှိ ရွာသစ်စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဆောင်းဆီထွက်သီးနှံ (မြေပဲ)စိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား အသင်းအချင်းချင်းပံ့ပိုး ငွေဖြင့် မျိုးနှင့်သွင်းအားစုများပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရွာသစ်ကျေးရွာ၌ ကျင်းပသည်။

 

ဦးစွာ နေပြည်တော်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်က ပန်းတိုင်အထွက်တိုး ရရှိရေးဆောင်ရွက်ရန်နှင့် လိုအပ်သည်များ ဆွေးနွေးမှာကြားပြီး ရွာသစ်စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်း အသင်းသားတောင်သူများကိုယ်စား အသင်းဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား မျိုးနှင့်သွင်းအားစုများ ပေးအပ်သည်။

 

ထို့နောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် ရွာသစ်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် နိုင်ငံတော်ထောက်ပံ့ငွေဖြင့် စိုက်ပျိုးထားသည့် အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)