နေပြည်တော်  ၁၅     မေ       

 

 

ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်ကျေးရွာအုပ်စု၊ ဒိုးနွယ်ကျေးရွာတွင် ယနေ့နံနက် ၂နာရီ ၂၅မိနစ် အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

 

ဖြစ်စဉ်မှာ ဒိုးနွယ်ကျေးရွာနေ ဒေါ်စန်းရွှေ၏နေအိမ် မီးဖိုရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် လောင်ကျွမ်းခဲ့ရာ ဒေါ်စန်းရွှေ၏ (၃ပင် ၂ခန်း သက္ကယ်မိုး ၊ထရံကာ၊ ပျဉ်ခင်း) နေအိမ်အပါအဝင် နေအိမ် (၁၅)လုံး မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်ရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးငြိှမ်းသတ်ယာဉ်(၁၅)စီး၊ ရေသယ်ယာဉ်(၂၀) ၊ အုပ်ချုပ်ယာဉ်(၄)စီး၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၁၅၉)ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦး၊ ရဲတပ်ဖွဲ့ဝင် (၁၄) ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက်(၃နာရီ ၂၅မိနစ်) အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးကြွင်းမီးကျန်မှတစ်ဆင့် ကူးစက်လောင်ကျွမ်းသဖြင့် နေအိမ် (၁၅)လုံး၊ ဆိုင်ကယ်(၃)စီး၊ ဂွန်ဒေါင်း (၁)စီး၊ စပါး (၁၀၀)တင်း မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် အိမ်ထောင်စု(၁၅)စု၊ ကျား (၂၀) ၊ မ(၃၁)ဦး၊ စုစုပေါင်း ( ၅၁ )ဦးတို့အား ဒိုးနွယ် ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့နေရာချထားခဲ့ပြီး လူနှင့် တိရိစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းနှင့်  နေအိမ်အတွင်းရှိ မီးဖိုမှ မီးကြွင်းမီးကျန်များအား စနစ်တကျငြိှမ်းသတ်ခြင်းမရှိဘဲ ပေါ့ဆစွာ မီးငြှိမ်းသတ်ခဲ့ခြင်းကြောင့် ဒေါ်စန်းရွှေ အား အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)