နေပြည်တော် ၁၃ ဧပြီ
ဒက္ခိဏသီရိမြို့နယ်အတွင်း အခြေခံလူတန်းစား အိမ်ထောင်စု(၆၁၈၇)စု ရှိသည့်အနက် ဧပြီ ၁၃ ရက်တွင် အိမ်ထောင်စု(၁၁၈၃)စု ဖြန့်ဝေပေးရန် လျာထားခဲ့ရာ ရွှေအင်ကြင်းရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၄၇၅)စုအား အခြေခံစားကုန် (၅)မျိုးအနက် ဆန် (၄၇၅) အိတ်၊ ဆီ (၂၃၇ ဒသမ ၅)ပိဿာ၊ ပဲ (၄၇၅) ပိဿာ၊ ဆား (၂၃၇ ဒသမ ၅) ပိဿာ၊ ဒိုးနွယ် ကျေးရွာအုပ်စုအတွင်းရှိ ရဲဒိကျေးရွာ၊ ဒိုးနွယ်ကျေးရွာ၊ ရွာသစ်ကျေးရွာတို့အား ဆန် အိတ်(၃၅၀)၊ ဆီ (၁၇၅) ပိဿာ၊ ပဲ (၃၅၀) ပိဿာ၊ ၁ (၁၇၅)ပိဿာ၊ ကြက်သွန် (၃၅၀)ပိဿာနှင့် ကြာပင်ကျေးရွာ အုပ်စုအတွင်းရှိ ထန်းတပင်ကျေးရွာ၊ အောင်သုခကျေးရွာ ကျေးရွာတို့အား ဆီ(၁၁၄)ပိဿာ၊ ပဲ (၂၂၈)ပိဿာ၊ ဆား (၁၁၄)ပိဿာတို့အား လည်းကောင်း၊ ကူဆည်စုကျေးရွာအုပ်စု အတွင်းရှိ ဆည်စုကျေးရွာနှင့် ဂွေးတောက်ရိုး ကျေးရွာတို့အား ဆီ (၆၅)ပိဿာ၊ ပဲ (၁၃၀) ပိဿာ၊ ဆား (၆၅)ပိဿာ၊ ကြက်သွန် (၁၃၀)ပိဿာ၊ စုစုပေါင်း အိမ်ထောင်စု (၁၁၈၃)စု တို့အတွက် ဆန်(၈၂၅)အိတ်၊ ဆီ (၅၉၁ ဒသမ ၅)ပိဿာ၊ ပဲ (၁၁၈၃)ပိဿာ၊ ဆား (၅၉၁ ဒသမ ၅)ပိဿာ၊ ကြက်သွန် (၄၈၀)ပိဿာတို့အား နေအိမ်များအရောက် ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


