နေပြည်တော်       ဇွန်        ၁၇

 

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ စာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူရုံးတွင် ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ဇွန် ၁၇ ရက် နံနက်ပိုင်းက  စတင်ပြီး ထုတ်ပြန်ကြေညာ ပေးခဲ့သည်။

 

ဒက္ခိဏသီရိမြို့နယ်အနေဖြင့် ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန နှစ်ခု၌ ဖြေဆိုသူ ၄၀၈ ဦးတွင်ခြောက်ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၁၃ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ကိုးဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၅၀၊ ရိုးရိုးအောင်မြင်သူ ၇၅ ဦး စုစုပေါင်းဖြေဆိုအောင်မြင်သူ ၁၈၉ ဦးရှိပြီး အောင်ချက်အနေဖြင့် ၄၆ ဒသမ ၃၂ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

အောင်ကိုကို(ပြန်/ဆက်)