ဒက္ခိဏသီရိမြို့နယ်တွင် အသက် ၅၅ နှစ်အထက် အသက်ကြီးသူများ၊ မသန်းစွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများနှင့် ဦးတည်အုပ်စုများအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး 

ဒက္ခိဏသီရိ  အောက်တိုဘာ  ၁၈

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် အသက်(၅၅)နှစ်နှင့်အထက် အသက်ကြီးသူများ၊ မသန်းစွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများနှင့် ဦးတည်အုပ်စုများအလိုက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ ထိုးနှံပေးလျက်ရှိသည်။

ယနေ့ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်မှ ဆေးအဖွဲ့များက ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ မသန်စွမ်းသူများ၊ အသက် ၅၅ နှစ်နှင့်အထက်အသက်ကြီးသူများ၊ နာတာရှည်ရောဂါရှိသူများနှင့် ဦးတည်အုပ်စုများအလိုက် ပြည်သူများအား စုစုပေါင်းလူဦးရေ(၃၉၀)ကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)