ဒက္ခိဏသီရိ ၊ ၂၇ ဇန်နဝါရီ

 မြန်မာတစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများအား (ပထမ)အကြိမ် ကိုဗစ်- ၁၉ ကာကွယ်ဆေးကို စတင်ထိုးနှံပေးလျက်ရှိရာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများအား ယနေ့နံနက်ပိုင်းမှစတင်၍ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။ 

ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင်  မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း (၅၅)ဦးတို့အား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဝင်း