ရန်ကုန် ၂၇ ဧပြီ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွား စေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းများကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ပညာ/ကျန်းမာ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒလမြို့နယ် အောင်မင်္ဂလာရပ်ကွက်ရှိ ညဈေး၌ ဧပြီ ၂၆ ရက် ညနေ ၅ နာရီက ဈေးရောင်း၊ ဈေးဝယ်ကြသူများအား နှာခေါင်းစည်းများ တပ်ဆင်ပြီး ဈေးရောင်းကြစေရေးနှင့် လမ်းသွား၊ လမ်းလာပြည်သူ များအား နှာခေါင်းစည်းများ တပ်ဆင်ပြီး သွားလာကြစေရေးအတွက် အသိပညာပေးပြောကြားခြင်း၊ နှာခေါင်းစည်း များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ညောင်ငုတ္တိုကျေးရွာနှင့် သပြေကုန်းကျေးရွာတို့ရှိ ကျေးရွာအဝင်အထွက် ကျန်းမာရေး စစ်ဆေးရေးဂိတ်တို့၌ နှာခေါင်းစည်းများပေးဝေခြင်း စသည်ဖြင့် စုစုပေါင်း နှာခေါင်းစည်း ၂၀၀ ခန့် ပေးဝေခဲ့ကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)


