ဒလ    ၁၈    မတ်

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်ဆေးကုသမှု ခံယူကြမည့် ပြည်သူများအတွက် ကျန်းမာရေးအထောက်အကူပြုစေရန် ရည်ရွယ်၍ Patient Monitor နှင့် ECG စက် ပေးအပ်လှူဒါန်းခြင်းအား မတ်လ ၁၇ ရက် မွန်းလွဲပိုင်းက ဒလမြို့နယ် ဆေးရုံစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

 

လှူဒါန်းပွဲတွင် အလှူရှင် ဦးရဲထွန်းနှင့် ဇနီး ဒေါ်ယဉ်မေသန်း မိသားစုမှ Patient Monitor နှင့် ECG စက် အား မြို့နယ်ဆရာဝန်ကြီးထံ ပေးအပ်လှူဒါန်းရာ ဆရာဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေး အပ်ခဲ့သည်။

 

ခွဲစိတ်လူနာများကို လက်ခံခွဲစိတ်ပေးလျက်ရှိသည့် ဒလမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ယခင်က Patient Monitor မရှိခဲ့ဘဲ ယခုအလှူရှင် လာရောက်လှူဒါန်းမှသာ Patient Monitor ရရှိပြီဖြစ်ပြီး Patient Monitor ၏တန်ဖိုးမှာ ငွေကျပ်(၉)သိန်းခွဲနှင့် ECGစက်တန်ဖိုးမှာ ငွေကျပ်(၈)သိန်းဖြစ်ကြောင်း သိရသည်။

     

မောင်ယဉ်ဦး(ဒလ)