mdn

ရန်ကုန် ၂၁  ဇွန် 

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ရပ်ကွက်များအတွင်း၌ လူ့အသက်ကို အန္တရာယ်ပေးနိုင်သော ပတူကောင်များ အုန်ဖွဲ့၍ အသိုက်ပြုလုပ်နေခြင်းကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီက လိုက်လံ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ရှင်းလင်းဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ငြိမ်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ရာဇသင်္ကြန်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းသွယ်(၁)လမ်းရှိ အိမ်အမှတ်(၃) ဒေါ်ဌေးရီ နေအိမ်ရှေ့ရှိ သရက်ပင်ပေါ်လည်းကောင်း၊ အံ့ကြီးအနောက်ရပ်ကွက် ဦးဥတ္တမ(၃)လမ်းရှိ ဦးဝင်းမြင့် နေအိမ် ခေါင်းရင်းဘက်ရှိ သရက်ပင်နှင့် အံ့ကြီးအနောက်ရပ်ကွက် ဦးအောင်ဇေယျလမ်းရှိ  ဦးအောင်မြင့်+ ဒေါ်သန်းတို့၏ နေအိမ်ရှေ့ဈေးဆိုင်ဘေးရှိ  သရက်ပင်ပေါ်တို့၌  ပတူကောင်းများ အသီးသီး အုန်ဖွဲ့ အသိုက်ပြုနေမှုတို့ကြောင့် မီးငြှိမ်းသတ်ယာဉ်ဖြင့် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများကို ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

နိုင်လင်းကျော်(ဒလ)

 

mdn