ဒလ   ၃၀    အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကျန်းမာရေး ဝန်ထမ်းအိမ်ယာရပ်ကွက်တွင် အောက်တိုဘာ ၂၈ရက် မွန်းလွဲပိုင်းက မီးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်ပြည်သူများ ဆုံးရှုံးခဲ့ရသော အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြန်လည်ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု ၅ စု၊လူဦးရေ ၃၉ ဦး (၁၈နှစ်အထက် ကျား၁၄ ဦး၊ မ၁၄၊ ၁၈ နှစ်အောက် ကျား၆၊ မ ၅)တို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

 

ကျွန်မ မီးလောင်ပြီး နောက်တစ်နေ့မှာပဲ မီးဘေးသင့်ပြည်သူတွေနဲ့ သွားတွေ့ပါတယ်။ မီးထဲပါသွားတဲ့ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်တွေ ချက်ချင်းလုပ်ဆောင်ပေးမလို့ပါ။ မီးဘေးသင့်ပြည်သူတွေက အိမ်ခန်းတွေ ပြန်လည်နေရာချပြီးမှ လုပ်ပေးပါလို့ တင်ပြတယ် ဟု ဒလမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဒေါ်ခင်ဝင်းမြင့်က ပြောသည်။

 

 

မီးလောင်မူ့အတွင်း မိသားစုတစ်စုမှ မိမိတို့၏ လူဦးရေစာရင်း၊ မှတ်ပုံတင်များနှင့် အရေးကြီး စာရွက်စာတမ်းများ ယူဆောင်ထွက်ပြေးခဲ့ကြောင်း သို့အတွက်ကြောင့် အိမ်ထောင်စု ၄ စုနှင့် ပတ်သက်သည်များအား ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရုံးမှာက လက်ခံစာရွက်စာတမ်းတွေရှိပါတယ်။ တိုက်ဆိုင်စစ်ဆေးပြီး ပြန်လည်ဆောင်ရွက်ပေးမှာပါ။ မီးဘေးသင့် ခံရသော်လည်း ဒလမြို့နယ်အိမ်ထောင်စုစာရင်း မဝင်ဘဲအခြားမြို့နယ်ဆိုရင်တော့ သက်ဆိုင်ရာ မြို့နယ်မှာ ဆောင်ရွက်ရမှာဖြစ်ပါတယ်"ဟု လည်း အဆိုပါ လ ဝ က မှူးကပြောသည်။

 

မောင်ယဉ်ဦး(ဒလ)