ရန်ကုန် စက်တင်ဘာ ၉
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ဘုန်းတော်ကြီးကျောင်း (၃၃) ကျောင်း ရှိ ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းများနှင့် ဆွမ်းဆန်များ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက်က ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် လှူဒါန်း ခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် မြို့မ(၃)ရပ်ကွက်ရှိ ဗြဟ္မဝိဟာရကျောင်းတိုက်၊ အံ့ကြီးအနောက်ဘုန်းတော်ကြီး ကျောင်းတိုက် နှင့် ကမာကဆစ်အလယ်ကျောင်း ပရိယတ္တိစာသင်တိုက်ရှိ ဦးစီးပဓာန နာယက ဆရာတော်များအား ဆွမ်းဆန်၊ ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္တုပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစည်သူကျော်၊ အဖွဲ့ဝင် ဗိုလ်မှူး မင်းအောင်၊ အဖွဲ့ဝင် ဦးအောင်သင်းကျော်၊ အတွင်းရေးမှူး ရဲမှူး အောင်နိုင်ဝင်းတို့က ဆက်ကပ် လှူဒါန်း ခဲ့ကြသည်။
ထို့အတူ ကျန်ရှိသော ဘုန်းတော်ကြီးကျောင်း ၃၀ ကျောင်းရှိ ဆရာတော်များအား ဆွမ်းဆန်နှင့် ဝါဆို သင်္ကန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ နှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက အသီးသီးဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(IPRD)


