mdn

 

ရန်ကုန် သြဂုတ် ၂၃
    
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် သမ္မတကမ်းခြေရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလအတွင်း စားသောက်ရေးအခက်အခဲရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၂၀၀ အား ယမန်နေ့ နံနက်ပိုင်း က  ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ စားသောက်ကုန်များ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
    
ထိုသို့ လှူဒါန်းရာတွင် သမ္မတကမ်းခြေရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ စုပေါင်းလှူဒါန်းမှုဖြင့်  ရပ်ကွက်အတွင်းရှိ ရွှေညောင်ပင်လမ်းနှင့် ကမ်းပတ်လမ်းတို့ရှိ လက်လုပ်လက်စားပြည်သူများအား  အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ဆန် ၂ ပြည်၊ ဆီ ၅၀ သား၊ ကြက်သွန်နီ ၁ ပိဿာ စသည့် အခြေခံ စားသောက်ကုန်များကို ပေးအပ်လှူဒါန်းခဲ့သည်။ 
                                                          
နိုင်လင်းကျော်(IPRD)