ရန်ကုန် ၂၉ မတ်
သင်္ကြန်ပွဲတော်ကာလအတွင်း သွေးလိုအပ်လျက်ရှိသော လူနာများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် သီရိဇေယျနော်ရထာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စုပေါင်းသွေးလှူဒါန်းပွဲတွင် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ အာယုပါလက သွေးလှူရှင်အသင်းမှ အသင်းသား၊ အသင်းသူများ၊ အနှေးယာဉ်မောင်းသူများ၊ စေတနာရှင် သွေးလှူရှင်များက စုပေါင်းသွေးလှူခဲ့ကြပြီး လှူဒါန်းထားသည့် သွေးများကို ရန်ကုန်မြို့ရှိ အမျိုးသားသွေးဌာနသို့ လှူဒါန်းသွားမည် ဖြစ်သည်။
ထိုသို့ စုပေါင်းသွေးလှူဒါန်းခြင်းသည် ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီး၍ မြို့နယ်အာယုပါလက သွေးလှူရှင် အသင်းတို့ ပူးပေါင်းလှူဒါန်းခြင်းဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စေတနာရှင် သွေးလှူရှင်များနှင့် အမျိုးသားသွေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)


