ရန်ကုန် မေ ၁၈

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် သက်ကြီးရွယ်အိုများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းတွင် ချောင်းဦးကျေးရွာ ညောင်ချောင်းကျေးလက်ကျန်းမာ‌ရေးဌာနခွဲ၌ ကွင်းဆင်းဆောင်ရွက်သည်။

 

ဒလမြို့နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှူး ဒေါက်တာထွန်းဝင်း၏ ဦးဆောင်မှုဖြင့် ဓနုတ်ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ချောင်းဦးကျေးရွာရှိ သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ မျက်စိစစ်ဆေးပေးခြင်း၊ ဆီးချို၊ သွေးတိုး လူနာများအား ကုသမှုပေးခြင်း၊ ကူးစက်ရောဂါများနှင့် ပတ်သက်၍ Awareness Section ပြုလုပ်ပေးခြင်းနှင့် (၁၅)နှစ်အောက် ကလေးများ ကာကွယ်ဆေးထိုးနှံပြီးစီးမှု စာရင်းကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)