ရန်ကုန် မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ရွှေလှေချောင်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦး ဦးဆောင်မှုဖြင့် ဝန်ထမ်းများက ရွှေလှေချောင်ကျေးရွာအတွင်းရှိ အသက် ၁၈ နှစ်ပြည့်ပြီးသူ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)


