ရန်ကုန် နိုဝင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ရရှိစေ‌ရေးအတွက် ရည်ရွယ်၍  ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန မြို့နယ်ဦးစီးမှူးရုံးမှ  မေလ ၁၃ ရက်နေ့မှစတင်၍ နိုဝင်ဘာ ၂ ရက်နေ့အထိ ကွင်းဆင်းပြုလုပ် ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၇၁၂ ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်း ၅၃၁  ခု တို့အား ပြုလုပ်ပေးပြီးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။ 
 
ဒလမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ  အသက် ၁၀ နှစ် အထက်ရှိသူများ နှင့် ၁၈ နှစ်ပြည့်မီ ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု စာရင်းထဲသို့ မွေးတိုးစာရင်းသွင်းပေးခြင်း၊  အိမ်ထောင်စုစာရင်းမရှိသော မိသားစုများအား အိမ်ထောင်စုစာရင်း ပြုလုပ် ပေးခြင်းတို့ကို မေလ ၁၃ ရက်နေ့မှ နိုဝင်ဘာ ၂ ရက်နေ့အထိ ကွင်းဆင်း ဆောင်ရွက်ခဲ့ရာ ယနေ့အထိ (တိုင်းရင်းသား) အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးမှုအနေဖြင့် အမျိုးသား ၇၆၁   ဦး၊ အမျိုးသမီး ၇၂၁  ဦး၊ အိမ်ထောင်စုပေါင်း ၄၆၁    စု ၊ အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုပ်ပေးမှုတွင် အမျိုးသား ၁၇၈   ဦး၊ အမျိုးသမီး ၁၆၇  ဦး၊ စုစုပေါင်း ၃၄၅ ဦး နှင့်   အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်‌ရေး ကတ်ပြားထုတ်ပေးမှုတွင် အမျိုးသား   ၅၅၉  ဦး၊ အမျိုးသမီး ၅၉၀  ဦး၊ စုစုပေါင်း ၁၁၄၉ ဦး တို့အား ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။

ထို့အတူ (ဥပဒအရ နိုင်ငံသား) အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးမှုတွင် အမျိုးသား  ၁၂၅   ဦး၊ အမျိုးသမီး  ၁၃၂ ဦး၊ အိမ်ထောင်စုပေါင်း  ၇၀ စု ၊  အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှုတွင် အမျိုးသား ၉   ဦး၊ အမျိုးသမီး ၁၄ ဦး၊ စုစုပေါင်း ၂၃ ဦးနှင့်  အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှုတွင် အမျိုးသား ၉၃   ဦး၊ အမျိုးသမီး ၁၀၂ ဦး၊ စုစုပေါင်း ၁၉၅ ဦးတို့အား ပြုလုပ်ပေးခဲ့ကြောင်း၊ ကျန်ရှိနေသော ရပ်ကွက်/ကျေးရွာအုပ်စုများမှ ပြည်သူများအား ဆက်လက်၍ ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး ထံက သိရသည်။

နိုင်လင်းကျော်(IPRD)