ရန်ကုန် ၁၈   မေ

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌  သောက်သုံးရေကန်များ ခန်းခြောက်ကာ ရေရှားပါးမှုနှင့်  ဒေသခံပြည်သူများ ကြုံတွေ့လျက်ရှိရာ မေ ၁၇ ရက်နေ့က ရေရှားပါးသော ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာ(၃)ရွာတို့အား သောက်ရေသန့်ဘူးများကို အလှူရှင်များက လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ လှူဒါန်းရာတွင် ရန်ကုန်မြို့ (၃၃)လမ်း EARNING MARKET FAMILY နှင့် အမေ့သား ညီအစ်ကို မောင်နှမများ အဖွဲ့တို့က သောက်သုံးရေရှားပါးသော ကျန်စစ်သားရပ်ကွက်၌ ရေသန့်ဘူး(၂၀ဝ)၊ ရာဇသင်္ကနြ်ရပ်ကွက်၌ ရေသန့်ဘူး(၂၀ဝ)၊ ၁၁/၁၄ ရပ်ကွက်၌ ရေသန့်ဘူး(၂၅၀)၊ ကမာကဆစ်ရပ်ကွက်၌ ရေသန့်ဘူး(၂၀ဝ)၊ တပင်ရွှေထီး ရပ်ကွက်၌ ရေသန့်ဘူး(၂၀ဝ)၊ငါးတံတစ်ရာကျေးရွာ၊ ထော်အောက်ကျေးရွာနှင့် ကြာဖြူကန်ကျေးရွာတို့၌ ရေသန့်ဘူး(၄၅၀)၊ စုစုပေါင်း ရေသန့်ဘူး(၁၅၀ဝ)ကို ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

နိုင်လင်းကျော်(ဒလ)