ရန်ကုန်၊ ၂၁ ဇွန်
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားလစာများ(ပင်စင်)အား အေးချမ်းစွာဖြင့် ထုတ်ယူလျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ အငြိမ်းစားလစာ(ပင်စင်)များအား စိတ်အေးချမ်းသာစွာဖြင့် စောစီးစွာ ထုတ်ယူရရှိနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်အား နံနက် ၇ နာရီအချိန်မှ စတင်ရုံးဖွင့်ကာ အငြိမ်းစားလစာ(ပင်စင်)များ ထုတ်ပေးကြောင်း သိရသည်။
ဒလမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများသည် ဘဏ်သို့လာရောက်၍ အငြိမ်းစားလစာထုတ်ယူသူ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့် ဘဏ်နှင့်ပတ်သတ်၍ လုပ်ငန်းလာရောက်ဆောင်ရွက်ကြသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးဆက်မှုမရှိစေရေးအတွက် ဘဏ်သို့အဝင် တံခါးပေါက်ရှေ့တွင် ကိုယ်အပူချိန် တိုင်းတာခြင်း၊ ဟန်းဂျယ်ဖြင့် လက်ဆေးစေခြင်း၊ mask တပ်ဆင်စေခြင်းနှင့် mask မပါရှိသူများအား mask များ အခမဲ့ပေး၍ mask တပ်ဆင်ပြီးမှသာ ရုံးအတွင်းသို့ ဝင်ရောက်စေကြောင်း၊ ငွေသွင်း/ငွေထုတ်ပြုရာတွင် တစ်ဦးနှင့်တစ်ဦး ၆ ပေခြားကာ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မောင်ယဉ်ဦး


