ဒလ ၊ ၂၂ ဒီဇင်ဘာ
ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ်တွင် ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ကာ နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။
အဆိုပါမီးလောင်မှုသည် ဗိုလ်ရန်ပြေရပ်ကွက်၊ မင်းရဲကျော်စွာ (၁)လမ်းနေ ဦးစိန်မြင့်၏ နေအိမ်မှ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်၍ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နေအိမ်နှစ်လုံး လောင်ကျွမ်းခဲ့ကာ လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မွန်းလွဲ ၃ နာရီ ၇ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။
မောင်ယဥ်ဦး