ဒလ  ၁၆   ဇွန်

၂၀၁၉/၂၀၂၀ပညာသင်နှစ် အခြေခံပညာအဆင့် (၁၂)ကြိမ်မြောက် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအထိမ်းအမှတ်အဖြစ် ကျပန်းစကားပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲအားယနေ့ နံနက်ပိုင်းက ကျန်စစ်သားရပ်ကွက်ဒလ-တွံတေးကားလမ်းမဘေးရှိ မြို့နယ်ပညာရေးမှူးရုံးတွင်ပြုလုပ်ခဲ့သည်။

ပြိုင်ပွဲသို့မြို့နယ်အတွင်းရှိခြေခံပညာကျောင်းများမှ မူလတန်းအဆင့်တွင်-၁၆ ဦး၊အလယ်တန်းအဆင့်တွင်-၉ ဦး၊အထက်တန်းအဆင့်တွင်-၃ ဦး စုစုပေါင်း ကျောင်းသား/သူ(၂၈)ဦးတို့က သတ်မှတ်ပေးထားသည့် ခေါင်းစဉ်များအားမဲနှိုက်၍ကျရာခေါင်းစဉ် အားယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲဝင်ကျောင်းသား/သူများထဲမှ အဆင့်တစ်ဆင့်လျင်(၃)ဦးရွေးချယ်၍ခရိုင်နှင့်တိုင်းဒေသကြီး အဆင့်ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင် းသိရသည်။

မောင်ယဉ်ဦး(ဒလ)