ဒလ ၂၇ ဖေဖော်ဝါရီ


ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အားကစားအဖွဲ့ချုပ်များမှ ဦးစီး၍ မတ်လ ၁ ရက်နေ့တွင် နွေရာသီ အားကစား သင်တန်းများအား မြို့မအားကစားခန်းမတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


ဖွင့်လှစ်မည့် အားကစား အမျိုးအစားများမှာ ဝူရှူးအားကစားသင်တန်းနှင့် မြန်မာ့သိုင်း သင်တန်းတို့ဖြစ်ပြီး ဝူရှူးသင်တန်းအတွက် ဝူရှူးအားကစား အဖွဲ့ချုပ်မှ နည်းပြများ၊ မြန်မာ့သိုင်း သင်တန်းအတွက် သင်တန်းဆရာ ဦးမြင့်အောင်(ရွှေတံဆိပ် ၁၀ ဆုရ) မှ ဦးစီးပြီး ရွှေတံဆိပ်ဆုရှင် သင်တန်းနည်းပြများဖြင့် သင်ကြားပို့ချမည်ဖြစ်ကြောင်း သင်တန်း ကာလမှာ မတ်လ(၁)ရက်နေ့မှ ဧပြီ (၄) ရက်နေ့အထိဖြစ်ကြောင်း သင်တန်းချိန်မှာ ညနေ (၄) နာရီမှ (၆) နာရီအထိဖြစ်ကာ စိတ်ဝင်စားသူများအနေဖြင့် ဝ၉-၅၀ဝ၂၅၄၉၁၆၊ ဝ၉-၂၅၂၂၉၁၇၂ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရ သည်။


မောင်ယဉ်ဦး(ဒလ)