ဒလ ၂၄ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် တီဘီရောဂါသည်များအား ကွင်းဆင်းရှာဖွေ ကုသခြင်း လုပ်ငန်းအား အောက်တိုဘာလ ၂၄ရက် နံနက် ၁၀ နာရီအချိန်က ရာဇသင်္ကြန်ရပ်ကွက်ရှိ သာသနာ လင်္ကာရ ဆွမ်းလောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
ကွင်းဆင်းရှာဖွေကုသရေး အဖွဲ့သည် ရပ်ကွက်အတွင်းရှိပြည်သူများအား အထွေထွေရောဂါ၊ သွေးတိုးနှင့် ဆီးချိုရောဂါများအား ကုသမှုများ ပြုလုပ်ပေးခြင်း၊ ဓာတ်မှန်ရိုက်၍ တီဘီရောဂါ စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကုသရေးအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါ တိုက်ဖျက်ရေးဌာန၊ တီဘီရောဂါ ကွင်းဆင်းရှော ဖွကုသရေးအဖွဲ့မှ ဒေါက်တာချမ်းဟိန်းအောင် ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများမှ ဒေသခံပြည်များအား အခမဲ့ ကျန်းမာရေးစောင့် ရှောက်မှုများဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မောင်ယဉ်ဉီး (ဒလ)


