၂၆ ဧပြီ

 

ဒန်နီရယ် ခရေ့ခ်   ဟာ ဂျိမ်းစ်ဘွန်း ဝ၀၇ အဖြစ် သရုပ်ဆောင်ခြင်းဟာ လက်ရှိ ရိုက်ကူးနေတဲ့ကားဟာ နောက်ဆုံးပါလို့ မနေ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ဗြိတိသျှ ထောက်လှမ်းရေး ဇာတ်ကောင်အဖြစ်သရုပ်ဆောင်တဲ့ အသက် ၅၁ နှစ်အရွယ် ဒန်နီရယ် ခရေ့ခ်ဟာ ဂျိမ်းစ်ဘွန်းအဖြစ် ၁၄ နှစ်ကြာ သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀ဝ၆ ခုနှစ်က Casino Royale ဇာတ်ကားနဲ့ စတင်ပြီး ဝ၀၇ အဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

 

mdn

 

အခုထွက်ရှိမယ့် ဇာတ်ကားဟာ ဒန်နီရယ်ခရေ့ခ်ရဲ့ ဝ၀၇ အဖြစ်သရုပ်ဆောင်မယ့် ၅ ကားမြောက်ဖြစ်ပါတယ်။ ဒန်နီရယ်ခရေ့ခ် ဟာ ဇာတ်ကားတွင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့်  ဒူးနဲ့ ပခုံး ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်နေဖြစ်သလို ဝ၀၇ အဖြစ်ကနေ နားဖို့ အချိန်လိုအပ်နေတာကြောင့်ပါလို့ သတင်းဌာနတွေကို ပြောပါတယ်။

 

mdn

 

အင်္ဂလန် အနောက်မြောက်ပိုင်းက ချက်စတာမြို့မှာ ဘုံဆိုင် (pub) ပိုင်ရှင် ဖခင်နဲ့ အနုပညာဆရာမ မိခင် တို့ကနေ ၁၉၆၈ ခုနှစ်က ဒန်နီရယ်ကို မွေးဖွားခဲ့ပါတယ်။ သူဟာ လန်ဒန်ရှိ အနုပညာ သရုပ်ဆောင်ကျောင်းမှာ တက်ရောက်ပညာသင်ကြားခဲ့ပြီး အသက်ငယ်ငယ်ကတည်း သရုပ်ဆောင်ခဲ့ပါတယ်။ ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀ဝ၁ ခုနှစ်မှာ ဟောလီးဝုဒ် ဇာတ်ကား Lara Croft: Tomb Raider မှာ စတင်သရုပ်ဆောင်ခဲ့ပါတယ်။ သူရဲ့လက်တွေ့ ဘဝမှာ ဂျင်းဘောင်းဘီ နဲ့ တီရှပ်ရယ် ဘုံဆိုင်က ဘီယာအေးအေးတစ်ခွက်ကိုသာ ကြိုက်တယ်လို့ ဆိုပါတယ်။

 

MDN

ကိုးကား -AFP