နေပြည်တော်  ၂၉  မေ 

 

Doing Business ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ ခေါင်းဆောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက Doing Business 2021 အစီရင်ခံစာအတွက် ပြုပြင်ပြောင်းလဲမှုများ၏ ဆောင်ရွက်ပြီးစီးမှုနှင့် လာမည့် ၂၀၂၂ အတွက် ရှေ့ဆက်ဆောင်ရွက်မည့်အခြေအနေများ၊ E-Government တိုးတက် ကောင်းမွန်စေရေးအတွက် ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးပြောကြားသည်။

 

ထို့နောက် သက်ဆိုင်ရာဌာနအသီးသီးမှ Video Conferencing ဖြင့် တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူး ချုပ်များ၊ ကမ္ဘာ့ဘဏ်၊ International Finance Corporation (IFC)  မှ  Country Officer ဒေါ်ခင်သီတာမော် ၊ Senior Private Sector Specialist – Mr. Jose Ricardo Silva၊ Consultant – Mr. Antony Dickinson တို့ကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်