မော်လမြိုင် ဇွန် ၁၁
မွန်ပြည်နယ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းကော်မတီက ကြီးမှူး၍ "အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းပြုစုခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာသင်တန်း" အမှတ်စဉ်(၁/၂၀၁၉)ကို ဇွန် ၁၀ ရက်က ယဉ်ကျေးမှုပြတိုက်(မော်လမြိုင်)၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ဒြပ်မဲ့ ယဉ်ကျေးမှုဟုဆိုသော ရိုးရာ အစဉ်အလာဓလေ့များ နောင်မျိုးဆက်အထိတိုင်ရှင်သန်တည်တံ့နေစေရန်နှင့် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ဒြပ်မဲ့ယဉ်ကျေးမှု များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ခြင်း ဖြစ်ကြောင်း အမှာစကားပြောကြားကာ သင်တန်းကို စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီဝင်များနှင့် ပညာရှင်များက သင်ကြားပို့ချပြီး ဌာနဆိုင်ရာများမှ သင်တန်း သား သင်တန်းသူ ၃၀ တက်ရောက်ကြကာ သင်တန်းကာလမှာ နှစ်ရက် ကြာမြင့် ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)