နေပြည်တော် မတ် ၂၂

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး (စက်/လျှပ်) များ လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်းအမှတ်စဉ် (/၂၀၂၄) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် နာရီတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေး မှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြ သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းမှသင်ကြားပို့ချခဲ့သည်များကို အခြေခံ  နည်းပညာဆိုင်ရာ စာအုပ် များကိုလေ့လာပြီး အတွေ့အကြုံရှိ အင်ဂျင်နီယာများနှင့် ပူးတွဲဆောင်ရွက်ကြခြင်းဖြင့် မိမိတို့၏ လုပ်ကိုင် နိုင်စွမ်းနှင့် ကျွမ်းကျင်မှုကို ဖန်တီးတည် ဆောက်သွားရန်လိုအပ်ကြောင်း၊ မိမိတို့တတ်စွမ်းသမျှ အင်အားစွမ်းရည်အပြည့်အဝသုံး၍ လုပ်ငန်းအောင်မြင်ပြီးမြောက်ရေး ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်း လိုကြောင်း၊ ဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို မျက်ခြေမပျက်လေ့လာ၍ စည်းစနစ်ကျနစွာ ပြုမူနေထိုင်ကြရန်လိုကြောင်း၊ သင်တန်းသားများအနေဖြင့် ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံအကျိုးတို့ကို စိတ်ကောင်းစေတနာအပြည့်ဖြင့် စွမ်းစွမ်းတမံ ကြိုးစား အားထုတ်လိုအပ်ကြောင်းမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများထံပေးအပ်ပြီး သင်တန်းဆင်းပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနအကြီးအကဲများသည် သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူ များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)