၇ သြဂုတ်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ယမန်နေ့က တာတိုပစ် ပဲ့ထိန်း ဒုံးကျည် အမျိုးအစားသစ် တစ်မျိုးကို ပစ်လွှတ်ရာတွင် ကြီးကြပ်ကွပ်ကဲခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဆိုသည်။ အဆိုပါ ပစ်လွှတ်ခဲ့သော ဒုံးကျည်နှစ်စင်းသည် ပစ်မှတ်တစ်ခုဖြစ်သည့် ကျွန်းငယ်ကို အတိအကျ ထိမှန်ခဲ့ပြီး ထိုဒုံးကျည်များ၏ စွမ်းရည်ကို အမှန်တကယ်စစ်ဆေး အတည်ပြုခဲ့ကြောင်း ၎င်းမီဒီယာက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ပြောဆိုကာ ယခုပြုလုပ်နေသော အမေရိကန် - တောင်ကိုရီးယား ပူးတွဲစစ်ဆင်ရေးကို သတိပေးသည့် အနေဖြင့် ပစ်လွှတ်မည်ဖြစ်ကြောင်း ပြောဆိုကာ ယင်းသို့ ဒုံးကျည်ပစ်လွှတ်မှုကို ခေါင်းဆောင် ကင်ဂျုံအန် က ချီးမွမ်းခဲ့သည်ဟုလည်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဂျပန်ပင်လယ်ပြင်ကို ဦးတည်ကာ ဟွမ်ဟီပြည်နယ်တောင်ဘက်မှ ယမန်နေ့မနက်စောပိုင်းက ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့သည်။ ယင်းသို့ ပစ်လွှတ်ခဲ့သော ဒုံးကျည်နှစ်စင်းလုံးသည် တာတိုပစ်ဒုံးကျည်များ ဖြစ်သည်ဟု ယူဆရကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များက ပြောကြားခဲ့သည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို