တီဟီရန်   ၂၈   မေ 

အီရန်အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်၏ ရေတပ်သည် နိုင်ငံ၏တောင်ဘက်ရေပြင်တွင် စစ်ဆင်ရေးစွမ်းပကား တိုးမြှင့်ရန်အတွက် ဒုံးကျည်ပစ်လွှတ်နိုင်စွမ်းရှိသော speed boat ၁၁၂ စင်းကို လက်ခံရရှိကြောင်း အီရန် အခြေစိုက် ပရက်စ်တီဗွီသတင်းဌာနက ယနေ့ဖော်ပြသည်။

 

a

 

အီရန်အစိုးရသည် ပြည်တွင်းဖြစ် speed boat များကို အီရန်စစ်ဘက်အဆင့်မြင့် အရာရှိများ တက်ရောက်ခဲ့ကြသည့် အခမ်းအနားတစ်ခု အတောအတွင်း အီရန်အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်၏ ရေတပ်လက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

speed boat များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဟိုစိန်ဆာလာမီ၊ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်၏ ရေတပ် တပ်မှူး ဗိုလ်ချုပ်ကြီး အာလီရီဇာတန်ဆီရိနှင့် အီရန်ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်အာမီဟာတမီတို့ အပါအဝင် အီရန်အဆင့်မြင့် စစ်ဘက်အရာရှိ အများအပြား တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

a

 

အီရန်နိုင်ငံသည် ကာကွယ်ရေးကဏ္ဍတွင် မကြာသေးမီနှစ်များက အဓိကအောင်မြင်ထိုးဖောက်မှု ရရှိခဲ့ပြီး ယခုအခါ စစ်လက်နက်များ ထုတ်လုပ်မှုနယ်ပယ်တွင် ကိုယ်တိုင်ယုံကြည်စိတ်ချမှု ရယူခဲ့သည်။ သို့သော် ၎င်း၏ စစ်အင်အားကို အီရန်နိုင်ငံအပေါ် ခြိမ်းခြောက်နေကြသည့် ရန်သူများအား ခုခံကာကွယ်ရေးသက်သက်သာ အသုံးပြုမည်ဟု ပြောဆိုလေ့ရှိသည်။

 

a

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ