ရန်ကုန် ဇွန် ၁၁


ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေး (၁/၂၀၁၉) ပထမနေ့ကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

1

 


အစည်းအဝေးတွင် ကတိသစ္စာ မပြုရသေးသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး သူအောင်ဇော် က ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း က ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရ အသုံး ခန့်မှန်းခြေငွေစာရင်း(လျာထားချက်) ကို လွှတ်တော်သို့ရှင်းလင်းတင်ပြသည်။


အဆိုပါ ရှင်းလင်းတင်ပြမှုနှင် စပ်လျဉ်း၍ ဇွန် ၁၂ ရက်နံနက်တွင် ကျင်းပမည့် ဒုတိယ အကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေး (၁/၂၀၁၉) ဒုတိယနေ့တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးသွားကြမည်ဖြစ်သည်။


သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး