တွံတေး ၂၈ မတ်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ ပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူဖြစ်စေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် Woman Club အဖွဲ့တို့ ပူးပေါင်း၍ ဒုတိယအကြိမ် အိမ်တွင်းလက်မှု ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းကို မတ် (၂၈) ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြု ဗဟိုဌာန Community Centre ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ Woman Club ဥက္ကဋ္ဌ ဒေါ်သန်းသန်းအေးက သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်နှင့်သင်တန်းမှ ရရှိမည့် အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လက်တွေ့ပြုလုပ်နည်းအား သင်ကြားပေးခဲ့ပြီး အဆိုပါသင်တန်းသို့ Woman Club အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အနာဂတ်လင်းလက်ကြယ် အမျိုးသမီးအဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း(၂၀) ဦး စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။
မျိုးလှိုင် (တွံတေး)


