နေပြည်တော်  ၁၉  မေ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် () မှ ဦးကျော်သန်း၏ ဘောလခဲခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတွင် ဆောက်လုပ်လျက်ရှိသော ပစ္စည်းသိုလှောင်ရုံ (ရုံးခန်းအပါအဝင်) အား ၂၀၁၉-၂၀၂ဝ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် ပြီးစီးသည်အထိ ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ သိုလှောင်ရုံ (ရုံးခန်းအပါ အဝင်) RCC ()ထပ်လုပ်ငန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာနသို့ ခွင့်ပြုငွေကျပ် (၅၅ ဒသမ ၂၀၀)သန်းဖြင့် လုပ်ငန်းအပ်နှံ ဆောင်ရွက်ခဲ့ရာ အတွင်း/အပြင် အချောကိုင်ခြင်း၊ ဆေးသုတ်ခြင်း၊ မျက်နှာကျက် တပ်ဆင်ခြင်း၊ တံခါးပြတင်း တပ်ဆင်ခြင်း၊ အတွင်းရေ၊ မီး၊ Apron and Drain လုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေပါကြောင်း၊ ၎င်းလုပ်ငန်းများအတွက် ထပ်မံလိုအပ် ငွေကျပ် (၁၂ ဒသမ ၀၀၀) သန်းကို ၂၀၁၉ - ၂၀၂ဝဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတွင် ဝန်ကြီးဌာနအနေဖြင့် တင်ပြတောင်းခံထားပြီး ဖြစ်ပါကြောင်း။

 

အဆိုပါ တင်ပြတောင်းခံထားရှိမှု အပေါ်တွင်လည်း ၂၀၂၀ ပြည့်နှစ် ဧပြီ ၇ ရက်တွင် ကျင်းပပြုလုပ်သည့် ဘဏ္ဍာရေး ကော်မရှင်၏ /၂၀၂၀ ကြိမ်မြောက် အစည်းအဝေး သဘောတူခွင့်ပြုချက်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၃ ရက်တွင် တင်ပြထားရှိပြီး ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေရရှိပါက ယခုဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် () မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ နှာရိန်မြို့ရှိ ရဲတပ်ဖွဲ့ဝန်ထမ်း များအတွက် ယာယီဆောက်လုပ်ပေးထားသော ရုံးနှင့် လူပျိုဆောင်တို့အား ဖျက်သိမ်းပြီး RCC နှစ်ထပ်ဆောင်များအဖြစ် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က နှာရိန် နယ်မြေရဲစခန်းတွင် လူပျိုတပ်ဖွဲ့ဝင်များအတွက် လိုအပ်လျက်ရှိသည့် သင့်လျော်သော လူပျိုဆောင်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ အဆောက်အဦ ပြင်ဆင်ထိန်းသိမ်းစရိတ် ရန်ပုံငွေမှ စိစစ် ခွင့်ပြု၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် နယ်မြေရဲစခန်း (အချုပ်ပါ) () ထပ်() လုံး၊ ()ခန်းတွဲ ()ထပ် သံကူကွန်ကရစ် () လုံးနှင့် () ခန်းတွဲ () ထပ် သံကူကွန်ကရစ် () လုံးတို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (မူလ) အသုံးစရိတ်တွင် လျာထားတင်ပြ တောင်းခံသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် () မှ ဦးလှဦး၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့ရှိ အကျဉ်းဦးစီး ဌာန (ထောင်ကြီး၊ အကျဉ်းထောင်ဌာနထောင် ဥယျာဉ်ကြီး၊ အစိုးရထောင်ဥယျာဉ်) သည် တိုးတက်ပြောင်းလဲနေသော နိုင်ငံတော် အခြေအနေအရ မုံရွာမြို့၏ အထင်ကရ လူနေထူထပ်သော မြို့လယ်ခေါင်နေရာမှ လျာထားသတ်မှတ် စီမံထားရှိပြီးသော မုံရွာမြို့နယ် သာစည်ကျေးရွာအနီးနေရာ၌ အမြန်ဆုံးပြောင်းရွေ့ရန် စီမံဆောင်ရွက်ထားခြင်း ရှိ/မရှိနှင့် မည်သည့်အချိန်ကာလတွင် နောက်ဆုံးထား ပြောင်းရွှေ့မည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာအကျဉ်းထောင်အားကအဆင့် အကျဉ်းထောင်နှင့် လိုက်လျောညီထွေမှုရှိသည့် အကျဉ်းထောင်သစ် ဆောက်လုပ်ရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတ်မှတ်ပေးသော မြေနေရာသည် အကျဉ်းထောင်သစ် ဆောက်လုပ်ရန် သင့်တော်သည့် မြေနေရာ ဖြစ်သော်လည်း လက်ရှိအကျဉ်းထောင်ဟောင်း နေရာအား လုပ်ငန်းလိုအပ်ချက်အရ စွန့်လွှတ်ခြင်း၊ လွှဲပြောင်းခြင်း မပြုနိုင်သေးပါကြောင်းနှင့် အကျဉ်းထောင်ဟောင်းနေရာအား အချုပ်ထောင်အဖြစ် ဆက်လက်သုံးစွဲသွားမည်ဖြစ်ပါ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သဘောထားကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးသို့  တင်ပြခဲ့ပြီးဖြစ်ပါကြောင်း။

 

သို့ဖြစ်ပါ၍ အကျဉ်းဦးစီးဌာနအနေဖြင့် အကျဉ်းသား လက်ခံထိန်းသိမ်းနိုင်သည့် ဝင်ဆံ့အင်အားကို ပိုမိုတိုးချဲ့ ဆောင်ရွက်နေချိန် ဖြစ်ပါသဖြင့်ကအဆင့် မုံရွာအကျဉ်းထောင်သစ်ကို သာစည်ကျေးရွာအနီးနေရာ၌ ဆောက်လုပ် နိုင်ရန် အခွင့်အရေး ရရှိပါကလည်း မုံရွာအကျဉ်းထောင်ဟောင်းကို အချုပ်ထောင်အဖြစ် ဆက်လက်အသုံးပြုရန် လိုအပ်ချက် ရှိနေသေးသည့်အတွက် စွန့်လွှတ်၊ လွှဲပြောင်းပေးအပ်နိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားသည်။

 

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးဇော်ဟိန်း၏ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့သည် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုတွင် ကွင်းဆက်တရားခံများကို ထိရောက်စွာ အရေးယူဖမ်းဆီး ဖော်ထုတ်ပြီး မူးယစ်ဆေးဝါး ရောင်းချမှုမှရရှိသော အကျိုးအမြတ်ဖြင့် ဝယ်ယူထားသော ရွေ့ပြောင်းနိုင်သောပစ္စည်း၊ မရွေ့ပြောင်းနိုင်သော ပစ္စည်းများကို သေချာစွာစိစစ်၍ သိမ်းဆည်းပေးရန်နှင့် ပြစ်မှု ကျူးလွန်သူ ကွင်းဆက်တရားခံများကို အရေးမယူဘဲ ထိန်ချန်ခဲ့သော တာဝန်ရှိ ပုဂ္ဂိုလ်များအား ထိရောက်စွာ အရေးယူ ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါး ရောင်းချရာမှ ရရှိသော အကျိုးအမြတ်များဖြင့် ဝယ်ယူထားရှိသော ရွေ့ပြောင်းနိုင်သည့်ပစ္စည်း၊ မရွေ့ပြောင်းနိုင်သည့် ပစ္စည်းများနှင့် ပတ်သက်၍ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြစ်မှုကျုးလွန်သူ ကွင်းဆက်တရားခံများကို အရေးမယူဘဲ ထိန်ချန်ခဲ့သော တာဝန်ပျက်ကွက်မှုများရှိပါက တာဝန်ရှိသူကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

 

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ ဒေါက်တာကျော်ငွေ၏ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးနှင့် ပခန်းငယ်သွားသော ကားလမ်းပေါ်ရှိ တံတားများအနက် ဂျိုက်ကြီးသစ်သားတံတားကို ခိုင်မာသော ကွန်ကရစ်တံတားအဖြစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ပြောင်းလဲဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က ဂျိုက်ကြီး သစ်သားတံတားသည် လမ်းအဆင့် သတ်မှတ်ချက် Class (B) ဦးစားပေးအဆင့် () လမ်းပေါ်တွင် တည်ရှိသဖြင့် ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ခြင်းလုပ်ငန်း ကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးကျော်ကျော်ဝင်း၏ မောင်တောမြို့နယ်၊ -မိုင်ရပ်ကွက်၊ သာယာကုန်းကျေးရွာရှိ သစ်သားတံတားအား ကွန်ကရစ်တံတားအဖြစ် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားသည့် ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်  (၁၁) မှ ဒေါ်ထုမေ၏ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်ချောင်း - ကျောက်နီမော် လမ်းပိုင်းအား လာမည့်ဘဏ္ဍာရေးနှစ်တွင် ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် ဘဏ္ဍာငွေလုံ လောက်စွာဖြင့် ပြည်ထောင်စုနှင့် ပြည်နယ်ဘဏ္ဍာငွေတို့ဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အဆိုပါလမ်းပိုင်းနှင့် ပတ်သက်၍ စာချုပ်ပါအတိုင်း ဆောင်ရွက်မှုမရှိခဲ့သော သက်ဆိုင်ရာ ကုမ္ပဏီအား မည်သို့အရေးယူ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်()မှ ဦးဆန်းမြင့်၏ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ နတ်စင်ငူကျေးရွာနှင့် ကျုံပျော်မြို့နယ်၊ သောင်ကျေးရွာ အုပ်စု၊ မှန်ကုန်းကျေးရွာတို့အား တစ်ဖက်စီခြားထားသည့် နတ်စင်ငူချောင်းအား () မြို့နယ် ဆက်သွယ် သွားလာနိုင်ရန် သင့်လျော်သည့် ကွန်ကရစ် RC တံတားတည် ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်နွယ်နွယ်အောင် က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ် ဖော်ပြလက်မှတ်ရေးထိုးပြီး အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို မေ ၂၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်