နေပြည်တော် ၁ ဇူလိုင်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ဇူလိုင်(၂၃)ရက်(တနင်္လာနေ့) နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားသည်။
ထို အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် အစည်းအဝေး ဖိတ်စာ လက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာဆောင် I-19(အိုင်-၁၉) သို့ ဇူလိုင် ၂၁ ရက်ထက်မစော ၂၂ ရက်ထက် နောက်မကျစေဘဲ သတင်းပို့ကြရန်နှင့် ကိုယ်စားလှယ် စိစစ်ရေးကတ်ပြား ယူဆောင်လာကြရန် ပန်ကြားထားကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်