ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

နေပြည်တော် ၁၅ ဇန်နဝါရီ


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ  အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ ၌ စတင်ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နှုတ်ခွန်းဆက် စကား ပြောကြားသည်။


အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက  ကိုယ်စား လှယ်များအနေဖြင့် မိမိတို့၏ လိုအပ်ချက်များကို သိရှိလာခဲ့ကြပြီဖြစ်၍ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံတော်နှင့် ပြည်သူများ အကျိုးအတွက်  မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်း၊ ဥပဒေကြမ်းများ ဆွေးနွေးအတည်ပြုခြင်း တို့ကို ကော်မတီ အသီးသီး၏ လုပ်ငန်းဆောင်တာများနှင့် ဆက်စပ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊  ယခုလို ဆောင်ရွက်ရာတွင်လည်း  ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်းကိုလည်း သတိချပ်စေလိုကြောင်း၊  ယခု ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးကို တက်ရောက်လာ ကြသည့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊  စိတ်၏ ချမ်းသာ ခြင်းနှင့် ပြည့်စုံပါစေကြောင်းနှင့် နိုင်ငံတော်၏အကျိုး၊ ပြည်သူများ၏အကျိုးကို သယ်ပိုးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။


ဆက်လက်၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဝဲကြီးဒေါင့်ကျေးရွာနှင့် ရွှေပြည်ကျေးရွာ အခြေခံပညာအထက် တန်းကျောင်းတို့တွင် (၂၀ဝx၃၀x၂၅)ပေ နှစ်ထပ် RC ကျောင်းဆောင်သစ် တစ်ဆောင်စီ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက  ပညာရေးဝန်ကြီးဌာနအနေဖြင့်  ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကျောင်းဆောင်ဆောက် လုပ်ခြင်း၊ ဝန်ထမ်းအိမ်ရာနှင့် လိုအပ်သော တည်ဆောက်ရေးလုပ်ငန်းများ ဆောက် လုပ်ရန်၊ အခြေခံ ပညာကျောင်းပေါင်း ၁၇ ကျောင်းအတွက် ငွေကျပ် ၁၈၈၁ ဒသမ ၃ သန်း ခွဲဝေပေးခဲ့ပြီးဖြစ်ပါကြောင်း၊   ဝဲကြီးဒေါင့်ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းတွင် (၁၈၀x၃၀)ပေ သွပ်မိုး၊  အုတ်ညှပ်တစ်ထပ်ဆောင် တစ်ဆောင်၊ (၁၈၀x၃၀)ပေ RCC တစ်ထပ်ဆောင် တစ်ဆောင်၊ (၃၀x၃၀) ပေ သွပ်မိုး၊ သွပ်ကာ ယာယီတစ်ထပ်ဆောင် တစ်ဆောင်နှင့် (၃၀x၃၀)ပေ သွပ်မိုး၊ ထရံကာ ယာယီ တစ်ထပ်ဆောင် တစ်ဆောင် စုစုပေါင်း ကျောင်းဆောင် လေးဆောင်ရှိပြီး ကျောင်းသား၊ ကျောင်းသူဦးရေမှာ မူလတန်းဆင့်တွင် ၁၆၀ ဦး၊ အလယ်တန်းဆင့်တွင် ၄၉၆ ဦး၊ အထက်တန်းဆင့်တွင် ၁၇၈ ဦး စုစုပေါင်း ၈၃၄ ဦးရှိပါကြောင်း။


ရွှေပြည်ကျေးရွာတွင် အခြေခံပညာအထက်တန်းကျောင်းတွင် (၁၈၀x၂၄)ပေ သွပ်မိုး၊ အုတ်ညှပ်နှစ်ထပ်ဆောင် တစ်ဆောင်၊ (၁၈၀x၃၀)ပေ သွပ်မိုး၊  အုတ်ညှပ် တစ်ထပ်ဆောင် တစ်ဆောင် စုစုပေါင်း ကျောင်းဆောင်  သုံးဆောင်ရှိပြီး ကျောင်းသား၊ ကျောင်းသူဦးရေ မူလတန်းဆင့်တွင် ၃၀၅ ဦး၊ အလယ်တန်းဆင့်တွင် ၆၁၀၊ အထက် တန်းဆင့်တွင် ၃၈၁ ဦး စုစုပေါင်း ၁၂၉၆ ဦးရှိပါကြောင်း၊ ကျောက်တော်မြို့နယ် ဝဲကြီးဒေါင့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် ရွှေပြည်ကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းတို့တွင် (၁၈၀x၃၀)ပေ RC တစ်ထပ်ဆောင် တစ်ဆောင်စီ အသစ်ဆောက်လုပ်ရန်အတွက် လိုအပ်သည့် ရန်ပုံငွေကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(တည်ဆောက်ရေး) ရန်ပုံငွေလျာထားချက် စာရင်းတွင် မြို့နယ်ဦးစားပေး အစီအစဉ်အရ ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်း ဖြေကြားသည်။


ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုင်းစံအောင်၏ ရှမ်းပြည်နယ် `ဝ´ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ်တွင် ကျေးလက်ဒေသ ပညာသင်ကြားရေး အခန်းကဏ္ဍ အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက  ပညာရေးဝန်ကြီး ဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် သတ်မှတ်ကျောင်းသားဦးရေ ပြည့်မီမှု အရ အဆင့်တိုးမြှင့် ပေးခဲ့သည့် အခြေခံပညာကျောင်း စုစုပေါင်း၄၁၂ ကျောင်း၊ သတ်မှတ်ကျောင်းသားဦးရေ ပြည့်မီမှုမရှိသော်လည်း ပင်မကျောင်းနှင့် သတ်မှတ်ခရီး အကွာအဝေး ထက်ပိုမိုဝေးကွာသဖြင့် သင်ယူမှုအခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ အဆင့်တိုးမြှင့်ပေးခဲ့သည့် အခြေခံပညာကျောင်း ၄၆၈၇ ကျောင်း စုစုပေါင်း အခြေခံ ပညာကျောင်း ၅၀၉၉ ကျောင်းကို သက်ဆိုင်ရာ ကျောင်းအဆင့်များသို့ အဆင့်တိုး မြှင့်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထိုသို့အဆင့်တိုးမြှင့်ပေးခဲ့မှုတွင် ဟိုပန်မြို့နယ်သည် မပါဝင် ခဲ့ကြောင်း။


`ဝ´ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ် မုန်းဟွမ်(ဝ) ကျေးရွာ အခြေခံ ပညာမူလတန်ကျောင်း(ခွဲ)မှာ မူလတန်းအဆင့်သင်ကျောင်းသား၊ ကျောင်းသူ ၅၀  ရှိပြီး ပင်မကျောင်းဖြစ်သော ပန်ကောက် အခြေခံ အလယ်တန်းကျောင်း(ခွဲ)နှင့် (၂)မိုင် ကျော်ခန့် ကွာဝေးပါကြောင်း၊  မုန်ကွန်(ရှမ်း)ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း (ခွဲ)မှာ မူလတန်းအဆင့်သင် ကျောင်းသား၊ ကျောင်းသူ ၃၆ ဦးသာရှိသော်လည်း ပင်မကျောင်းဖြစ်သော မုန်းကွန် အခြေခံပညာမူလတန်းကျောင်းနှင့် ၂ မိုင်ကျော် ကွာဝေးပါကြောင်း၊ ဟင်းနားကျေးရွာသည် ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း ဖွင့် လှစ်ထားခြင်း မရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊  အခြေခံပညာမူလတန်းကျောင်း(ခွဲ) အဖြစ် ဖွင့်လှစ်လိုသည့် ကျေးရွာတွင် ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းကို ပညာ ရေးဝန်ကြီးဌာန၏ အခြေခံပညာ ကျောင်းဦးစီးဌာန၏ ကျောင်းစာရင်းတွင် ကျောင်းအဖြစ် ဖွင့်လှစ်ထားခြင်း မရှိသေးကြောင်း၊ မူလတန်းကျောင်းခွဲအဖြစ် ဖွင့်လှစ်မည်ဆိုလျှင် ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းကို ပညာရေးဝန်ကြီးဌာန အမည်ပေါက်အနေဖြင့် နိုင်ငံတော်ပိုင်အဖြစ် ဖွင့်လှစ်ထားရှိရန် ဦးစွာသတ်မှတ်ဆောင်ရွက်ရန်လိုကြောင်း။ 


ဟိုပန်မြို့နယ် မုန်းဟွမ်(ဝ) ကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ)နှင့် မုန်းကွန်(ရှမ်း)ကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ)တို့သည် သတ်မှတ်မူများနှင့် ကိုက်သည့်အတွက် ကျောင်းအဆင့် တိုးမြှင့်ပေးနိုင်ရန် ဆက်လက်၍ စိစစ်ဆောင်ရွက် သွားမည်ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ဦးစားပေးအဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဟင်းနားကျေးရွာ ကိုယ့်အားကိုယ်ကိုးမူလတန်း ကျောင်းကို ကျောင်းအဆင့် တိုးမြှင့်ပေးရန်အတွက် ပထမဆုံးကိုယ့်အားကိုယ်ကိုးမူလ တန်းကျောင်းအဆင့်မှ မူလတန်းကျောင်းခွဲအဖြစ် လျှောက်ထားပြီးမှသာ  လိုအပ်နေ သည့် ကျောင်းဆောင်များကို ဆက်လက် ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ အမည်ပေါက် နိုင်ငံတော်အဖြစ် အသိမှတ်ပြုကျောင်း ဖွင့်လှစ် ထားရှိခြင်း မရှိသေးသည့်အတွက် ကျောင်းဆောင်ဆောက်လုပ်ပေးနိုင်ခြင်း မရှိသေးပါ ကြောင်း ရှင်းလင်းဖြေကြားသည်။


ဆက်လက်၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးချစ်ထွေး၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်နှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးခင်မောင်လတ်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်  ဦးအောင်မြင့်တို့က ရှင်းလင်းဖြေကြားကြသည်။


ထို့နောက်  အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား  ပြည်သူ့လွှတ်တော်က  ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့ လာခြင်းနှင့် စပ်လျဉ်း၍  ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို  အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက သဘောတူကြောင်း ကြေညာသည်။


ယင်းနောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား  အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။


ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေး နှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက  အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို  ဇန်နဝါရီလ ၁၇ ရက်နေ့ တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


အေးအေးသန့်(သတင်းစဉ်)