ပုသိမ် ၃ ဇွန်
ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် (၂၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ယခင်ကျင်းပလျက်ရှိသည့် ခန်းမအစား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းရှိ ဧရာရွှေဝါခန်းမတွင် ဇွန် ၄ ရက်မှ ၁၇ ရက်အထိ ပြောင်းလဲကျင်းပသွားမည်ဖြစ်သည်။
တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ယခုကျင်းပမည့် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် (၂၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ယခင်ပုံမှန်ကျင်းပနေသည့် အစည်းအဝေးခန်းမသည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီခြင်းမရှိဘဲ အခန်းကျဉ်းမြောင်းနေသည့်အတွက် ယခုဧရာရွှေဝါခန်းမသို့ ပြောင်းလဲကျင်းပခြင်းဖြစ်ကြောင်းနှင့် ဇွန် ၄ ရက်မှ ၁၇ ရက်အထိ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၇၂ ဦးဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ပြောသည်။
ယခုကျင်းပမည့် ဧရာရွှေဝါခန်းမတွင် အစည်းအဝေးကျင်းပရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း အသင့်ပြင်ဆင်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။
ကိုတွတ်(ပြန်/ဆက်)