ဟားခါး  ၄  ဖေဖော်ဝါရီ 

           

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်(၂၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ဖေဖော်ဝါရီလ ၄ ရက် နံနက်၁၀နာရီက ဟားခါးမြို့ ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ဆက်လက် ကျင်းပရာ အစည်းအဝေးသို့ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ် လွှတ်တော်ဉက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၂၂)ဦး တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းကို လွှတ်တော်၌ တင်သွင်းပြီး အစည်းအဝေး ပထမပိုင်းကို ခေတ္တရပ်နားသည်။

 

အစည်းအဝေး ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသည့်          ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး ပြည်နယ်လွှတ်တော် ဉပဒေပြုရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဆွန်ဒိုကျင့်က ဉပဒေပြုရေးအဖွဲ့၏ စိစစ်တွေ့ရှိချက်ကို ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်က အတည်ပြုခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)