မြစ်ကြီးနား ၂၈ ဇန်နဝါရီ
ကချင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ၁/၂၀၁၉ ပထမနေ့ကို ယနေ့ နံနက် ၉ နာရီက ကချင်ပြည်နယ် လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် တက်ရောက်ခွင့်ရရှိသူ ၅၃ ဦးအနက် ၄၈ ဦးတက်ရောက်၍ ၅ ဦးကို လွှတ်တော်မှ ခွင့်ပန်ကြားခြင်းအား သဘောတူကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်မှ အတည်ပြုချက်ရယူခဲ့သည်။

ထို့နောက် ပြည်နယ်လွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂ ဦးမှ လွှတ်တော်ဥက္ကဌထံ ကတိသစ္စာ ခံယူကာ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ဆက်လက်၍ လွှတ်တော်ဥက္ကဌမှ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၄၈၊ ပုဒ်မခွဲ(ဂ)၊ အပိုဒ်ခွဲငယ်(၁)အရ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းနိုင်ရန် သဘောထားတောင်းခံခဲ့ကြောင်း သိရသည်။

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်၏ အရေးပေါ်အစည်းအဝေး ၁/၂၀၁၉ ပထမနေ့ အခမ်းအနားသို့ မြစ်ကြီးနားမြို့ပေါ်ရှိ သတင်းမီဒီယာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အင်အား ၆၀ တက်ရောက်ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)